Sunday, August 5, 2007

လှလို့ချစ်တာလား၊ချစ်လို့လှတာလား

ဘုရားသခင်ဧ၀ကို ဖန်ဆင်းမပေးခဲ့ရင် ဧဒင်ဥယျာဉ်ကြီးသာမရှိခဲ့ဘူးဆိုရင် အချစ်ဆိုတာရှိလာနိုင်ပါ့မလား။ လူတွေကလက်ခံကြမလား၊ကျွန်တော်မသိဘူး။စဉ်းစားလို့လဲမရဘူး။ အဲဒါကို ကျွန်တော်လည်းသိချင်တယ်။ အချစ်ဆိုတဲ့ စကားလုံးလေးနှစ်လုံးဟာ အဓိပ္ပါယ် သတ်မှတ်ချက်ပေါင်းများစွာထဲမှာ ကျင်လည်နေရတယ်။

ကိုယ့်ချစ်သူကောင်းစားဖို့အတွက် ချစ်သူကိုသူတပါးလက်ထဲထည့်ပြီး အသဲံကွဲနေတဲ့ သူက အချစ်ဆိုတာပေးဆပ်ခြင်းပဲ၊ သူ့ဘဝလေး လှပဖို့အတွက် ကျွန်တော့ အချစ်တွေကို ပေးဆပ်လိုက်တာပါ၊ နောက်တယောက်က ပိုင်ဆိုင်ခြင်းတဲ့၊ သူချစ်နေတဲ့ကောင်မလေးက သူ့ကိုမချစ်ဘူး။ ဒါပေမယ့် တနေ့မှာရအောင်ယူခဲ့တယ်။ ကြည်ကြည်ဖြူဖြူ မဟုတ်ဘူးပေါ့။ သူကဘယ်လို ပြောလဲဆိုတော့ သူ့ကို ကျွန်တော် အရမ်းချစ်တယ်။ သူကျွန်တော့် နားက ထွက်ပြေးသွားမှာ ပျောက်ကွယ်သွားမှာ မလိုလားဘူး။ ခုသူ့ကို ကျွန်တော် ပိုင်ဆိုင်ရပြီ။ ဒါကြောင့် တနေ့နေ့မှာ သူ ကျွန်တော်ကို ပြန်ချစ်လာမှာပါ။ ဒီတယောက်က တမျိုးသူက အချစ်ဆိုတာကို ဘ၀တခုလုံးနဲ့ပုံအောပြီး လောင်းကြေးထပ် သလိုမျိုး၊ သူ့ဝါဒက သူ့ရဲ့အချစ်တွေနဲ့ကျွန်တော့ဘ၀ကို ရှင်သန်စေမယ်။ သူ့ရဲ့အပြုံးလေးနဲ့ ကျွန်တော်ခွန်အားတွေဖြစ်စေမယ်။ သူ့ဆီက ပွင့်ဖူးလာမဲ့ အချစ်တွေကို မျှော်လင့်ရင်းနဲ့ကျွန်တော် အသက်ဆက်ရှင်နေမယ်။


လိုက်ရှောက်ပြောနေရင် ကုန်တော့မှာ မဟုတ်ဘူး။

တချို့က အချစ်က ပူလောင်တယ်။ တချို့က အေးမြတယ်။ ဘယ်လိုပဲပြောကြ ပါစေ။ ကျွန်တော် အချစ်ဆိုတာကို အဓိပ္ပါယ်မဖွင့်တတ်သေးပါဘူး။ ကျွန်တော် ထင်တာလေးတွေကိုပြောကြည့်ချင်တယ်၊ လူတွေအားလုံးဟာ အချစ်ကို ကိုယ်ခံစားပြုမူ မှုအပေါ်မူတည်ပြီး သတ်မှတ်နေကြတယ်လို့ ကျွန်တော်ထင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် အပေါ်မှာပြောခဲ့ သလိုပဲလေ။ချစ်သူကို လက်လွှတ်လိုက်ရတဲ့ သူတယောက်ကို အချစ်ဆိုတာ ဘာလဲလို့မေးရင် ပေးဆပ်ခြင်း လို့ဖြေမှာပဲ။ ဒါကသူ့ရဲ့ပြူမူ မှုကို သတ်မှတ်လိုက်တာပဲ။ တချို့ကပြောကြတယ် အချစ်မှာ မျက်စိမရှိဘူးတဲ့။ အဲဒါကို ကျွန်တော် သိပ်ပြီး လက်မခံချင်ဘူး။ ဘ၀ တသက်သာတွက် ရည်စူးတဲ့ အချစ်မှာ အစဉ် ခိုင်မြဲဖို့ အတွက် မျက်စိတွေ လိုအပ်တယ်။ တဦးအပေါ်တဦး နားလည်မှု မျက်စိ၊အလိုက်သိတတ်မှု မျက်စိ၊ယုယကြင်နာတတ် မှု မျက်စိတွေပေါ့။သေချာတွေးကြည့်ကြပါ။ဖြစ်နိုင်ပါလိမ့်မယ်။ ကျွန်တော် တခုလောက်ထပ်ပြောချင်သေးတယ်ဗျာ၊ လှလို့ချစ်တာမဟုတ်ချစ်လို့လှတာပါတဲ့၊ အဲဒါလည်း ကျွန်တော့အမြင်နဲ့ နည်းနည်းလွှဲနေတယ်။ နည်းနည်းမဟုတ်ပါဘူး။ တက်တက်စင်အောင်ကိုပဲ လွှဲနေတာ၊ စဉ်းစားကြည့်ကြပါအုံး။ ချစ်နေလို့လှသွားတာလား။ လှနေလို့ချစ်သွားတာလား၊ကျွန်တော့မေးခွန်းကရှင်းရှင်းလေးပါ။ ဒီလိုပါပဲ အဖြေကလည်းမရှုပ်ပါဘူး။ လှနေလို့ချစ်သွားတာပဲပေါ့။ မလှတဲ့ သူတယောက်ကို ဘယ်မှမကြိုက်ချင်ကြဘူး။ချစ်ဖို့ဆိုတာသွားပြီလေ။ ဒါပေမယ့် သူ့ကိုကြိုက်မယ့်ချစ်မဲ့ လူကရှိမှာပဲ၊ ကိုယ်ကမလှဘူး ထင်ပေမယ့် တခြားတယောက်ရဲ့ မျက်လုံးထဲမှာ စွဲမက်လောက်တဲ့ ထိဖြစ်သွားနိုင်တာပဲ၊ အိုကေဗျာ၊ ဒါကြောင့် မလှပဲနဲ့ချစ်တဲ့သူ မရှိဘူးလို့ ကျွန်တော်ထင်တယ်ဗျာ၊ မိုးလင်းစ အိပ်ရာနိုးလာထဲကပိုကယို ပုံစံလေးက မပြင်ဆင်ပဲအရမ်းလှတယ်ကွာ၊ တကယ်ချစ်မိသွားပြီ။ ဒါဆိုလှလို့ချစ်တာလား ။ချစ်လို့လှသွားတာလား စဉ်းစားသာကြည့်ကြပေါ့ ။ချစ်လို့လှတာပါဆို ဒေါ်ဂွက်ထော်ကိုရော ဘယ်လိုသဘောထားကြမလဲလို့သိချင်ပါတယ်လို့ မေးကြည့်ချင်တယ်။ ကျွန်တော့ရဲ့ထင်မြင်ယူဆချက် သက်သက်ကို ဖော်ပြခြင်းသာဖြစ်ပါတယ်။ သူတဦးတယောက်ကို နစ်နာစေလိုခြင်းမရှိ။


စံစားမှုမပါခံစားမှုများစွာဖြင့်

No comments: