Thursday, August 16, 2007

မြန်မာ့ စက်သုံးဆီနဲ့ CNG ဓါတ်ငွေ့တရားဝင် သတ်မှတ်ဈေးနှုန်း မြှင့်တက်

မြန်မာ့ရေနံထွက် ပစ္စည်းရောင်းဝယ်ရေးက ၁၅-၈-၂၀၀၇ နေ့မှစပြီး ဓါတ်ဆီ (၁)ဂါလန်ကို ၁၅၀၀ိ/-မှ ၂၅၀၀ိ/-၊ ဒီဇယ်ဆီ (၁)ဂါလန်ကို ၁၅၀၀ိ/-မှ ၃၀၀၀ိ/-၊ လေယာဉ်ဆီ (၁)ဂါလန်ကို ၁၅၀၀ိ/-မှ ၂၅၀၀ိ/- အထိတိုးမြှင့်လိုက် ပါတယ်တဲ့ဗျာ.... CNG တစ်ကီလိုဂရမ် ယခင်ဈေးနှုန်း ၅၄ိ/၇၀ါး မှ ၂၇၃ိ/၂၅ါး အထိ ဈေးနှုန်းတိုးမြှင့် သတ်မှတ်လိုက်ပါတယ် ဆိုတဲ့အကြောင်းပါပဲ.... ထူးခြားတဲ့ အဖြစ်အပျက် အချို့ကတော့ ........

အဲ့ဒီလို မြန်မာ့ရေနံထွက်က ဈေးတွေတက်မှတော့ ကျန်တဲ့ အပြင်က ရောင်းနေတဲ့ ဆိုင်တွေလည်း ဈေးတွေ မိုးထိအောင် ခုန်တက်ကုန်တယ်... ထုတ်ဈေးတွေ တိုးမြှင့်သတ်မှတ် လိုက်တဲ့အတွက် အိမ်သုံးကားအချို့တွေ ဆီထုတ်ရောင်းချမှု နည်းပါလာတယ်.. ရောင်းချတဲ့ ဆိုင်တွေကလည်း ဈေးတက်လာနိုင်တဲ့ အနေအထားမှာ ရှိတဲ့အတွက် ဆီတွေကို ၀ယ်လှောင်ထားကြတယ်...

ဆီထုတ်ဈေးတွေ မြင့်တက်လာတဲ့အတွက် လိုင်းကားပြေးဆွဲမှုတွေကလည်း လျော့နည်းသွားတယ်... CNG ထုတ်ဈေးတွေပါ မြင့်တက်လာတဲ့အတွက် CNG လိုင်းကားတွေကလည်း တစ်ဝက်လောက် ရပ်နားထားကြတယ်... ယာဉ်စီးခတွေကလည်း တက်သွားတယ်... ၄၀ိ/-ခရီးက ၁၀၀ိ/-၊ ၆၀ိ/- ခရီးက ၁၅၀ိ/-၊ ၈၀ိ/- ခရီးက ၂၀၀ိ/- အထိကို ဒီနေ့ကစပြီး စတင်ကောက်ခံ မယ်လို့ပြောသံတွေ ကြားခဲ့တယ်... TAXI ကားခ တွေလည်း ခါတိုင်းထက် ၅၀% + တောင်းကြတယ်... ခေါက်တိုခရီး ၁၀၀၀ိ/- ခရီးကို ၅၀% ထပ်ပေါင်းလိုက် တော့ ၁၅၀၀ိ/- ဖြစ်သွားတာပေါ့ဗျာ....

ပြင်ပလိုင်းကားတွေက အပြည့်အ၀မဆွဲပေး တော့အတွက် အစိုးရရုံး၊ စက်ရုံ၊ အလုပ်ရုံ ၀န်ထမ်းတွေအနေနဲ့ ရုံးတက်နောက်ကျခဲ့ရတယ်... ကားမှတ်တိုင်တွေမှာလည်း ခရီးသည်တွေ ကားမလာလို့ စောင့်နေကြရတယ်... ဆီဈေးမြှင့်လို့ ကားခဈေးတက်တယ်... ဒီတော့ အလုပ်သမားတွေက အလုပ်ရှင်တွေကို လက်ရှိခရီးစရိတ် ထက်ပိုတောင်းလာရတဲ့ အနေအထားတွေဖြစ်လာတော့တယ်... ဒါ့အပြင် ကုန်စည်ပို့ဆောင် ခတွေလည်း ဈေးတက်လာတယ်... လက်ရှိအနေအထားမှာတော့ ကုန်ဈေးနှုန်းတွေ မြင့်တက်မှုမရှိသေးဘဲ ဈေးနှုန်းတည်ငြိမ် နေတဲ့အနေအထားမှာရှိနေပါတယ်... ရှေ့ကာလကိုတော့ ဘယ်လိုစခန်းနဲ့ ဘယ်လိုခရီး လှမ်းကြမယ်ဆိုတာ လိုက်စဉ်းစားလို့ မမီတော့ဘူး....

Photo Sharing and Video Hosting at Photobucket

Photo Sharing and Video Hosting at Photobucket

Photo Sharing and Video Hosting at Photobucket

Mai Soong Kha

No comments: