Thursday, August 16, 2007

GANGSTER ဆိုးပေ

အိမ်ရှေ့ကို လူတစ်ယောက် မြင်းကြီးတစ်ကောင်စီးပြီး ရောက်လာတယ် ... တလံလောက်ရှိတဲ့တုတ်ကြီးကိုကိုင်ထားသေးတယ် ... မျက်နှာမှာလည်း အိုးမဲတွေနဲ့ ... ဘယ်သူလဲ ဘာလဲ လို့ကြည့်နေတုန်း မြင်းပေါ်က ၀ုန်းကနဲခုန်ချပြီး အိမ်ထဲကို ခပ်တည်တည် မှုန်ကုပ်ကုပ်နဲ့ ၀င်လာပါရော ...
“ဟေ့ ... ဟေ့ ... ဘာလဲ ? မင်းဘယ်သူလဲ ... သူများတွေ အိမ်ထဲ ကျူးကျူးကျော်ကျော်နဲ့ ”
ပြောပြောဆိုဆို အနားကပ်သွားတော့ သူက မျက်ထောင့်နီကြီးနဲ့ တစ်ချက်ကြည့်ပြီး သူ့လက်ထဲက တုတ်ကို မြေကြီးပေါ်ဆောင့်ချလိုက်တယ် ... ခေါင်းကိုစောင်းပြီး
“ ဒါ ... အီမဲ့အိမ် မဟုတ်လား ” အံကြိတ်သံကြီးနဲ့ဆိုတော့ အီမ
ဲ့အိမ် ဖြစ်သွားတာ ... သဘောပေါက်လိုက်တယ် ... သတိတော့ထားရမယ် ... စိတ်နှံ့ပုံမရဘူး ... ခပ်မာမာပြန်မေးလိုက်တယ် ...
“အင်း .. ဟုတ်တယ် ... အိပ်မက်အိမ် ... ဘာဖြစ်လဲ ... ကိုယ့်လူက ဘာလုပ်မလို့လဲ ... ဘယ်သူလဲ ”
သူကလည်း သူ့အိုးမဲမျက်ခွက်ကြီးကို ငေါ့လိုက်ပြီး မျက်လုံးပြူးကြီးနဲ့
“ကျုပ် ... ဘယ်ဒူလဲဆိုတာ မသိဘူးလား ... မျက်နှာကို သေသေချာချာကြည့်ဇမ်းဘာ ”
“အင်း ... မြင်တော့ မြင်ဖူးသားပဲ ... လွတ်လာတာကြာပြီလား ... သောက်စရာ ဆေးတွေရော စုံအောင်ပါရဲ့လား ? ”

“ဘာကွ ... သယ် ...ငါလုပ်လိုက်ရ ... ” ဆိုပြီး တုတ်ကြီးဆွဲမလိုက်တာနဲ့ ... နောက်မြန်မြန်ဆုတ်ပြီး ...
“ အာ ... မှားလို့ မှားလို့ ... ဆိုစမ်းပါဦး ... ကိုယ့်လူက ဘယ်သူတုန်း ...”
“ ဘယ်သူလဲ သိချင်ရင် .... ဒီ မှာ ”
ဆိုပြီး ... သူ့လက်ကိုင်တုတ်ကြီးနဲ့ ' ဖြန့်ချလိုက်' ကို ထိုးလိုက်တဲ့အခါ ...


“ကျုပ် က ဆိုး ပေ ... ဆိုးပေ ဆိုတာ ကျုပ်ပဲ ” ဆိုပြီး ခါးထောက်ပြီး ရင်ငေါ့လိုက်တယ် ...
ဟမ်!!! သူပြောမှ သေချာကြည့်တော့ ဟုတ်ပ ... အချိုးမပြေတဲ့
ဆိုးပေ ပါလား ... အံ့စရာကွာ ...
“ ဟား ... ဟကောင်ကြီး ဆိုးပေ ... ငါပါဟ ... ကနွေလှိုင်ပါ ... မမှတ်မိဘူးလား ... မင်းကရော ဘယ်လိုဖြစ်လာရတာတုန်းဟ ...”
အဲတော့မှ မသာက သေချာပြန်ကြည့်ပြီး ...
“ အား ... ဟုတ်သားပဲ ... ကနွေလှိုင်ကြီး ... ကျုပ် မမှတ်မိဘူးဗျ ... ဒီဘက်မရောက်တာလည်း ကြာပြီလေ ... ခင်ဗျားကလည်း အရပ်ဖြူပြီး အသားရှည်လာတာကိုး
ဗျ ...ဟား ...ဟား... ဆောရီးဗျာ ... ”
“ အာ ... မင်းကသာ အသားတိုပြီး အရပ်မည်းသွားတာ ... နေဦး ... အရင်ကဆို မင်းမျက်ခွက်ကြီးကို ခွေးချီပြီး ဆင်နင်းလို့ ၀က်ကလော်သွားတာတောင် ငါမှတ်မိပါတယ် ...ခု ဘယ်လိုဖြစ်တာလဲ ... မည်းသည်းပြီးတော့ ... မုတ်ဆိတ်တွေ နူတ်ခမ်းမွှေးတွေရော ဘယ်ရောက်ကုန်လဲဟ ? ”
“ ရိတ်ပလိုက်ပြီလေဗျာ ... လူဂျီးလူဂေါင်း လုပ်နေရပြီဆိုတော့ ”
“ အန်မယ် ... သောက်ကျိုးနည်း ... ဒါနဲ့ လူဂျီးလူဂေါင်း နဲ့ မျက်နှာမွှေးရိတ်တာနဲ့ ဘာဆိုင်လို့တုန်း ?”
“ ဆိုင်ပါရောလားဗျာ ... လူဂျီးလူဂေါင်းဆိုတာ မျက်န
ှာပြောင်ရတယ်ဗျ ... မျက်နှာပြောင်နိုင်မှ လူဂျီး ”
“ ဟေ !!! ဂလိုလား ... မှတ်သားလောက်ပါတယ် ” “ ဟီး ..ဟီး ..ဟီး ”
“ ဘာရီတာတုန်းဗျ ”
“ ငါ မရီပါဘူးကွာ ... ဟိုမှာ မင်းစီးလာတဲ့ မြင်းကြီးက ထဟီနေတာပါ ... နေပါဦး ... မင်းက ဘာကိစ္စ မြင်းကြီး စီးလာတာလဲ ”
“ ဆီဈေးတွေ တက်သလေဗျာ ... စီအင်ဂျီ ရော တက်သလေ ... ဟိုတလောက ဟိုက ဘာနဲ့ပေးပြီး ၀ယ်ထားတဲ့ဒုံးတွေ ဗုံးတွေ ဒီကိုရောက်လာပါရောလား ... အဲသ
မှာ ... ဆီဈေးတွေ ရုတ်တရတ်တက်တာ ဆိုတော့ ကားမစီးတော့ဘူးဗျာ ... ရွာက ကျုပ်ဘကြီး ရဲ့ မြင်းကိုပဲ မှာစီးတော့တယ် ... လှည်းခေတ်လှေခေတ်ကလိုဖြစ်သပေါ့ဗျာ ”
“ အင် ... ကောင်းရော ... ဒါများ မြင်းမှာစီးနေရသေးတယ် မင်းအရင်နင်းနေတဲ့ ဆိုက်ကားနဲ့ လာရောပေါ့ကွ ”
“ အာ ... ကျုပ် ဆိုက်ကားမနင်းတော့ဘူးဗျ ... ကြီးပွားနေပြီ .
.. အလုပ်သစ်ရထားတယ်လေဗျာ ... ”
“ ဟုတ်လား ... မင်းကလည်း ပျောက်နေတာကြာပြီကိုးကွ ... ဆိုစမ်းပါဦး ... မင်းအလုပ်သစ်က ဘာလဲ ... ဘာလုပ်ရလဲ ”
“ ဟင် ... ခင်ဗျား .. ကျုပ်ကို မြင်တာနဲ့ ဘာကောင်မှန်း ဘာလုပ်မှန်း မသိဘူးလား ”
“ ဘယ်လိုလုပ်သိမလဲကွ ... ငါက ယူနီဖောင်းဂျီးတကားကား နဲ့မှ ဘာကောင်ဆိုတာသိတာ ... ပြောပါဦး ... မင်းက ဘာကောင်လဲ ”
“ ကဲ ... ဒီမှာကြည့်” ဆိုပြီး သူ့ အိုးမဲတွေ နဲ့ မဲသဲနေတဲ့ မျက်နှာပြောင်ကြီး ငေါ့ပြတယ် ... သူ့လက်ထဲက တုတ်ကြီးကို ထောင်ပြတယ် ... ပြီးတော့ ဟိုဘက်လှည့်ပြတယ် ... ဘာများလဲလို့ ကြည့်လိုက်တော့ စာကပ်ထားတာပဲ ... [ ပျီသူ ] တဲ့ ... ဘာပါလိမ့် ??? အော် ... ပြည်သူ ဖြစ်မယ်ထင်တယ် ...

“ သိပြီလား ... ကျုပ်ဘာကောင်လဲဆိုတာ ”
“ ဘာတွေတုန်းဟ ... ငါနားမလည်တော့ဘူး ... မင်းက ပါဖော်မန့်စ် အတ် (performance art)လိုလို ဘာလိုလိုနဲ့ ... ရှင်းရှင်းပြောစမ်းပါဟ ”
“ ကနွေလှိုင်ကလည်း တော်တော်ပိန်းတာပဲ ... ဒီမှာ မှတ်ထား ... ကျုပ်က လူမိုက် ... ဆိုးပေ လူမိုက် ... သိပလား ... အခု လူမိုက်လုပ်စားနေတာ ... ”
“ အမ် ... ငါတော့ လိုက်မမှီတော့ဘူးကွာ ... ပြောစမ်းပါဦး ... လူမိုက်ကြီးရ ... ဘာအလုပ်တွေများ လုပ်ရတာလဲ ”
“ အထွေအထူးတော့ မဟုတ်ပါဘူး ... အထက်က သွားဆိုတဲ့ နေရာကို က
ျုပ်တို့ လူမိုက်တွေ စုပြီးသွား သူတို့ သင်ပေးတာ အော် ၊ သင်ပေးသလိုဆဲ ... သူတို့ က ရိုက်ဆိုရင် ဖြူဖြူမြင်ရာ အကုန်ရိုက်ရမယ်တဲ့ဗျ ... ဒါပဲ ”
“ မည်းမည်း မြင်ရာ အကုန်ရိုက်ဆိုတဲ့ စကားအသုံးပဲ ကြားဖူးပါတယ်ကွာ ... ဘယ့်နှယ့် ဖြူဖြူမြင်ရာ အကုန်ရိုက် တဲ့တုန်းကွ”
“ ဒါတော့ သူတို့ သင်ထားသလိုပဲဗျ ... ရိုက် ဆိုရင် ဖြူဖြူမြင် ရိုက် ပဲ ”
“ တစ်မျိုးပါလားကွ ... အင်း.. ထားပါတော့ ... မင်း အလုပ်ရော ဖြစ်ရဲ့လား ” လို့ မေးလိုက်ရော တခါတည်း လက်ဟန်ခြေဟန် တုတ်တရမ်းရမ်းနဲ့ ပြောပြပါလေရော ...
“ ဖြစ်ဆို ကနွေလှိုင်ရေ ... ဟိုတလော က ရွှေတိဂုံဘုရ
ားနားမှာတုန်းကလေ ... ဟား ... ဘာရမလဲ ... သူတို့ သင်ပေးထားတာထက်ကို ဆဲပစ်လိုက်တာ ... ကျုပ်ကို သဘောကျသွားပုံရတယ်ဗျ ... တကယ်လုပ်မဲ့ ရုပ်ဆိုတော့လေ ... အဲဒီကတည်းက လိုအပ်ရင် သုံးဦးမယ် ... အိမ်မှာပဲ အေးအေးနေပါ တဲ့ ... ဆိုက်ကားတောင် နင်းစရာမလိုတော့ဘူးဗျာ ... သိပ်မကြာပါဘူး .. ကျုပ်တို့ရဲ့ ရပ်ကွက်လူကြီးက ဘုန်းကြီးဝတ်သွားတယ် ... မိုးကြိုးပစ်ခံရမှာကြောက်လို့တဲ့ ... ဆိုတော့ သူ့နေရာ ကျုပ်ရသွားတယ်ပေါ့ဗျာ ... အခုတော့ မျက်နှာပြောင်ပြောင်နဲ့ လူဂျီးလုပ်နေတယ်ပေါ့ ... အဟဲ ...ဟဲ ”
“ အဆန်းပါပဲလားကွာ ... ဟုတ်ပါပြီကွာ ... မင်း တုတ်ကြီးလည်း ဘေးချထားစမ်းပါဦးဟ ... လူထိမိနေပါဦးမယ် ”
“ ဒါတော့ မဖြစ်ဘူးဗျ ... ကျုပ်က လူဂျီးဖြစ်ကတည
်းက လက်နက်ကိုင်ထားရမှဗျ ... လက်နက်ချဖို့ စိတ်မကူးဘူး ... လက်နက်မပါရင် စကားမပြောတတ်ဘူးဗျ ”
“ အင်း ... အေးပါကွာ ... လုပ်ပေါ့ ... ဒါနဲ့ မင်း မျက်နှာက နဂိုကမှ မလှပါဘူးဆိုမှ အိုးမည်းတွေ လူးထားတော့ အရုပ်ဆိုးပါတယ်ကွာ ... ဖျက်ပလိုက်ပါလား ”
“ ဖျက်လို့မရဘူး .. ဒီအိုးမဲကို သူတို့ သုတ်ပေးထားတာ ”
“ မင်းတို့ လူမိုက်လုပ်ရတာလည်း မလွယ်ပါ့လားကွာ ... ဒါနဲ့ ခုတလော ဘလော့ဂ်တွေမှာ လိုက်ဆဲနေတာ တွေ့တယ်ကွ ... အဲဒါ မင်းတို့လား ”
“ အာ ... ကျုပ်တို့က ကိုင်းဖျားကိုင်းက အရိုးအရင်းကိုက်နေရတဲ့ လူမိုက်က
လေးတွေပါဗျာ ... သူတို့ကမှ တကယ့်လူမိုက်ကြီးတွေ ... ရိုးရိုးလူမိုက်တောင် မဟုတ်ဘူးဗျ ”
“ ဘယ်လို လူမိုက်တုန်းကွ ... လုပ်စမ်းပါဦး ”
“ သူတို့ က နတ်ကတော် လူမိုက် ... မိန်းမလျှာ လူမိုက်တွေဗျ ”
“ ဟင် ... ဘယ်လိုလဲကွ ... မင်းဟာက နတ်ကတော်လူမိုက် မိန်းမလျှာလူမိုက်ရယ်လို့ ... ဘယ်လောက်များမိုက်လို့လဲ ... ”
“ မိုက်သပေါ့ဗျာ ... သူတို့က မလုပ်ရဲတာ မလုပ်ဖူးတာ မရှိဆိုလောက်အောင် မိုက်ကြတာပေါ့ ... ကဲ ..ခင်ဗျား သူတို့လို လုပ်ရဲလား လုပ်ဖူးလား ... ”

“ ဟမ် ... တော်ပါကွာ ... လုပ်ရဲစရာလား ... သဘောပေါက်ပြီ ... ကြောက်စရာပဲကွ ... အတော်မိုက်ကြတာပဲ ”
“ မိုက်ချက်ကတော့ ကမ်းကုန်ရောပဲ ... ကမ်းကုန်ပြီဆိုရင်တော့ ရေနစ်ဖို့ပဲကျန်တာပေါ့ဗျာ ... ... အာ ))) ... ခင်ဗျားနဲ့ စကားပြောရတာ ကျုပ်တော့ ဂျောက်ကျတော့မှာပဲ ... ကဲ ... လစ်လိုက်ဦးမယ်ဗျာ ... အနှိပ်ခန်းကို ... လူဂျီးဆိုတော့ ကိုယ့်ခုံမှာ ကြာကြာမြဲအောင် အညောင်းခံလို့ မဖြစ်ဘူးလေဗျာ ... အနှိပ်ခန်းကို ပုံမှန်သွားပေးရတယ် ... ရော့ ... ကျုပ်ရဲ့ visiting card လေးလည်း ယူထား ... လိုအပ်ရင် ဆက်သွယ်ဗျာ ”
“ ရိုက် ဆို ရိုက် ၊ ကိုက် ဆို ကိုက်မည့်
ဆိုးပေ လူမိုက်

အငှားလိုက်သည်။ ”
ဆက်သွယ်ရန် အမှတ် ၄၂၀ ၊ ရေမျောလမ်း၊ ဗွက်တစ်ရာရပ်ကွက်၊
ရန်ကုန်ဇနပုဒ်၊ မီးရှားနိုင်ငံ။ ”

“ ကောင်းပါပြီကွာ ... မင်းက ပေါက်ပေါက်ရောက်ရောက် ဖြစ်နေတဲ့ လူမိုက်ဂျီး ဆိုတော့ မေးရဦးမယ် ... ခု ဆီဈေးတက်တဲ့ကိစ္စ က ဘယ်လိုလုပ်ရမတုန်းကွ ... ”
“ ကျုပ်တောင် လောလောဆယ် မြင်းစီးလာရတာကိုလည်း ကြည့်ဦးဗျ ... ဒီလိုပဲ လုပ်စရာရှိတော့တယ် ...

“ဒီပုံက မဂျစ်တူးဆီက မထားတာ”

ကဲ ... ကမိုးစွေ ၊ ကနွေလှိုင် နဲ့ ကချယ်ရီ ရေ ... ကျနော်တော့ အကြွေးလာဆပ်ရင်းနဲ့ အချွန်နဲ့ မသွားတယ် ...း) .... ဆက်သာ ရှင်းကြပေတော့ ... “ အဟင့် ... လုပ်ပေါ့ ... ရှင်တို့က ရဲတွေပဲလို့တော့ မပြောနဲ့နော် ”း)
ပြန်လိပ်ထားလိုက်ဦး ... သူများတွေ တက်နင်းသွားဦးမယ် ... လည်ပင်းကို ... ဟား ...ဟား ...

6 comments:

Anonymous said...

မိုက်ချက်ကတော့ ကမ်းကုန်ဘဲဗျာ ... ။ ဟိုတလောက ခင်ဗျားတို့ ဆရာကြီးဂိုဏ်းချုပ် ထန်းလက်သေးလို့ မိုးကြိုးမှန်သွားရဲ့ဆို .... သတိတော့ထားဗျာ .... ကျွန်တော်လည်း ခင်ဗျားတို့ အဖွဲ့ကို သတိထားတယ် .... ၄ ကောင် ၄ ကောင် .... သူ့ကိုတော့ ကြောက်တယ်ဗျာ...

Anonymous said...

ငါ့တူလေးတော်လှချည်ရဲ့ဆိုမှ တုတ်ကိုင်ပြီး မြင်းစီးထွက်ပါရောလား….. ကျိုက်ရိုးက တောင်ဝှေးပျောက်သွားပါတယ်မှတ်တာ ဒင်းလက်ချက်ကိုး….. သူများ သားသမီးတွေများ တော်လိုက်ကြတာ….. ကနွေလှိုင်ဆိုရင် ဂျပန်မြို့ ကြီးမှာ…. သူ့ ကျမှ ရန်ကုန် ဇနပုဒ်တဲ့….၊ မိစွေဆိုလဲ မလေးရှားမှာ အားကျစရာကြီး….. သူ့ ကျတော့ မီးရှားတဲ့…. ဟွန်း…. ငါ့တူလို့ တောင် မပြောချင်ဘူး….၊ အရိုက်တော်လို့  ဖုန်းလေးဘာလေးရရင်တော့ အဒေါ့်ကို တစ်လုံးလောက်နော်….. တူလေး…..

Anonymous said...

ဆိုးပေရေ လူလေးတော်လှတော်လှနဲ့
မြင်းစီးထွက်သွားပါရောလား။
ဖြူဖြူမြင်ရာ ရိုက်မှာစိုးလို့ အခု ရောင်စုံဝတ်ဖို့ မှာထားလိုက်တယ်။

လူလေးရဲ့ ဘွားဘွား

မေဓာဝီ said...

ဒါဖတ်ပြီး ရယ်လိုက်ရတာ ကိုဆိုးပေ ..
ထိထိမိမိ ရေးလည်း ရေးတတ်ပါပေတယ်။
visiting card က လိပ်စာကလည်း တော်တော်ကို ဟုတ်တာပဲ။
အဲဒီလို သရော်စာတွေ များများရေးပါ။ ဖတ်ရတာ အားရလို့။

kay said...

အရမ်းကောင်းတယ်ဗျိုး...ဓါတ်ပုံတွေမှာမြင်ပီး..ကြောက်နေတာ..ခုလိုဆိုတော့..
အိမ်မက်အိမ်ရဲ့သူငယ်ချင်းဆိုတော့..မကြောက်တော့ဘူး..

Anonymous said...

ဆိုးပေရေ.. ကောင်းတာမှ မိုက်ချက်ကမ်းကုန်ရေား)