Friday, March 21, 2008

အနီရောင်မိုး အနီရောင်နှင်း

မြန်မာပြည်မှာ
အနီရောင်မိုးတွေ ရွာခဲ့သလို
တိဘက်မှာလဲ
အနီရောင်နှင်းတွေကျခဲ့ပြီ ...
သဘာဝပညာရှင်တွေက သတိပေးခဲ့ရဲ့
ကမ္ဘာကြီးပူနွေးလာပြီတဲ့ ...
ဟုတ်မှာပါ ...
ကျွန်တော့်မျက်ဝန်းအိမ်မှာလဲ
မျက်ရည်ပူတွေနဲ့လေ ...
ဗုဒ္ဓရဲ့သင်္ကန်းတော်အရောင်ဟာ
အနီရောင်လို့ ဖြစ်သွားတာ
ဘယ်သူ့လက်ချက်လဲ...
ငါးဆူမြောက်ရှင်တော်ဘုရား
မဟာဂရုဏာတော်ဖြင့်
တပည့်တော်များအတွက်
ပွင့်တော်မူပါဦးဘုရား .. ။ ။

No comments: