Friday, March 21, 2008

ဗုဒ္ဓသာသနာတော် ဘယ်သူ့အတွက်လဲ?

မကြာသေးခင်က သံဃ့အစည်းအဝေးကြီးကျင်းပနေခဲ့ပြန်ပါပြီ။ အဲ့ဒီ အစည်းအဝေးမှာ မကွေးဆရာတော်ကြီး ဘဒ္ဒန္တကုမာရ ဆရာတော်ရဲ့ သြ၀ါဒထဲမှာ သံဃာ့ဥသျှောင် အဖွဲ့ကို ရည်ရွယ်ပြီး "မောဃပုရိသ" ဆိုပြီး ရည်ညွှန်းသွားခဲ့တာ ဖတ်လိုက်ရပါတယ်။
ကျွန်တော်တို့က အရပ်သား အရပ်ဝတ်တွေပါ။ ဗုဒ္ဓဘာသာဝင်တွေပါ။ ဗုဒ္ဓဓမ္မတွေ ဖတ်ရှု့လေ့လာရသလောက်ရော တခြားဘာသာရေး စာပေတွေ ဖတ်သမျှအရပါ ကမ္ဘာပေါ်မှာ ဘာသာရေးတွေပေါ်ပေါက်ရတာဟာ "လူ" တွေရဲ့ ဒုက္ခအ၀၀တွေကို ကယ်တင်ဖို့အတွက်ချည်းပါဘဲလို့ နားလည်ရပါတယ်။ လူတွေရဲ့ ဒုက္ခတွေ လက်တွေ့ကျကျ မကူညီနိုင် မဖြေရှင်းနိုင်တဲ့ ဘာသာရေး (၀ါ) သာသနာ ဆိုတာလဲ ပျောက်ကွယ်ရမှာပါဘဲ။
ဗုဒ္ဓဘုရားရဲ့ ဓမ္မတွေဟာ လောကီလူသားတွေရဲ့ ကောင်းကျိုအတွက် လောကီကျင့်စဉ်တွေ (ဥပမာ ၃၈ဖြာ မင်္ဂလာ)တို့၊ မင်းကျင့်တရား ၁၀ပါးတို့၊ ပိုပြီး အဆင့်မြင့်လို့ သံဃအဖွဲ့အစည်းဝင်ဖြစ်လာတဲ့အခါ ၂၂၇သွယ် သိက္ခာပုဒ်တို့နဲ့ အများအပြား သူ့ကဏ္ဍနဲ့သူ ဟောကြားခဲ့ပါတယ်။


ဒါဆိုရင် သာသနာအဖွဲ့အစည်းအတွက် သာသနာမဟုတ်ပါဘူး။ လူပုဂ္ဂိုလ်နဲ့ သံဃတော်များအတွက် သာသနာတော်ပါ။ ယခုလက်ရှိ သာသနာတော်ကို ဦးဆောင်နေတဲ့ သံဃ့ဝန်ဆောင်ဆရာတော်များရဲ့ ဒကာ အစစ် ပြည်သူတရပ်လုံးရဲ့ ဒုက္ခအ၀၀၊ သာသနာတာဝန်ထမ်းဆောင်နေတဲ့ ရဟန်းတော်များရဲ့ ဘေးဒုက္ခအ၀၀ကို စောင့်ရှောက်ဖို့ တာဝန်မကျေခဲ့လို့ "သာသနာမောလိ" ဆိုတဲ့ သံဃအဖွဲ့အစည်းတရပ် ပေါ်ပေါက်လာတာ ကျွန်တော်တို့ကတော့ ၀မ်းသာပန်းသာနဲ့ ကြိုဆိုရပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်ကာလကိုဘဲကြည့်ပါ။ ယခု သံဃ၀န်ဆောင်အဆရာတော်အဖွဲ့က ဘာတစ်ခွန်းများ ကိုယ့်ရဲ့ ရဟန်းတွေအတွက်၊ ပြည်သူတွေအတွက် ဒုက္ခအပေါင်းကလွှတ်အောင် ပြောပေးခဲ့ဘူးပါသလဲ။ ဒါကြောင့် ရှင်းရှင်းလေးဘဲမြင်ပါတယ်။ မြန်မာပြည်သာသနာဖျက်တာ၊ ညှိုးမှိန်စေတာ အဂတိ ၄ပါး မကင်းတဲ့ သံဃာ့ဝန်ဆောင် ဆရာတော်တွေမှာ တာဝန်ရှိပါတယ်။
တကယ်လို့ သာသနာတော် သက်သက်အတွက်ဘဲလို့ ဆရာတော်တို့ပြောတဲ့ "သန့်ရှင်းတည်တံ့ပျံ့ပွားရေး"
သက်သက်အတွက်ပဲ တာဝန်ရှိတယ်လို့ ခံယူထားရင် ဆရာတော်တို့ စစ်အစိုးရဆီကဘဲ ဆွမ်းကွမ်းအလှူခံကြပါ။ တခြား အရပ်ထဲက ပြည်သူတွေဆီက အလှူမခံကြနဲ့၊ ဆွမ်းစား ကွမ်းစား မကြွကြနဲ့လို့ဘဲ ထောက်ပြစရာရှိပါတော့တယ်။
စေတနာဟာ ကံတရားဖြစ်တယ်လို့ဆိုရင် ဘယ်ဆရာတော်တွေက စေတနာကောင်း၊ ဘယ်ဆရာတော်တွေကတော့ စေတနာမဲ့/ဆိုး ဆိုတာ သတ္တ၀ါတခု ကံတခု စကားအရ မကြာခင် အဖြေပေါ်ပါလိမ့်မယ်။
တခုတော့ လျှောက်ထားပါရစေ .. ကြခတ်ဝိုင်းဆရာတော်ရဲ့ သားသုံးသား တရားတော်နဲ့ ပီနန်ဆရာတော်ကြီးတို့ရဲ့ "သာသနာ့မောလိ" အဖွဲ့အစည်းမှာ ဘယ်သူက "မောဃပုရိသ" သာသနာဖျက်အတွင်းလူလဲဆိုတာပါ? အမှန်တရားအတွက် ငရဲကြီးမယ်လို့ မယူဆပါဘူး။ ဘုရားမျက်နှာကိုဘဲကြည့်တာပါ။

No comments: