Friday, March 21, 2008

ရာဇ၀င်ထဲက မာယာရှင်များ

အဖတ်မတင်ပေမဲ့
သမိုင်းတော့ ၀င်ခဲ့မလားဘဲ
"တပ်မတော်ကို စိတ်နဲ့တောင် မပစ်မှားနဲ့" တဲ့
ချစ်များဘဲ ချစ်ရမလိုလို
ဗိုလ်အောင်ကြီးရယ်လေ "၈၈" ကပြောခဲ့တာ
ဘာကြာလို့လဲ ..
အလောင်းစင်တောင် မပြင်အား
သေလိုက်ကြတာများပေါ့ ...

သမာသမတ်ကျကျနဲ့
နိုင်တဲ့သူ ဇာတ်ဆက်ကကြ
ကျုပ်တို့က "တပ်တန်းလျားပြန်ပါ့မယ်တဲ့"
၉၀ က ကိုစောမောင်
ခပ်ကြောင်ကြောင် မျက်နှာပေးနဲ့ ပြောခဲ့တာ
အနှစ်သာ ၂၀ ကြာခဲ့ပေါ့ ...

ခုလဲလေ ..
မေစာအုပ်နဲ့ နှစ်ထောင့်တစ်ဆယ်
မိအေးလေး ၃ခါနာမလို့လားကွယ်
အိုချစ်သော တပ်မတော်ရေ ..
ရက်စက်မှု့အပေါင်း ကရောင်း (Crown) အပြင်
ဘာများဆောင်းဖို့ ကျန်သေးလဲဟင်
ဘီအိုင်အေနဲ့ ဘီဒီအေ
ဗိုလ်ချုပ်အမွေခံ မဟုတ်တော့လို့များ
လူထုအားမငဲ့ညှာ
တပ်ချုပ်စကားသာ အရာထင်
ရာဇ၀င်တွင်အောင် ရိုင်းတော့မလားကွယ်... ။ ။

No comments: