Tuesday, March 11, 2008

မသေခင်က ပြီးနှင့်သူ

တခြားအဓိပ္ပါယ်ကောက်မနေပါနဲ့။ ငပွကြီး ဆရာမြတ်ခိုင်ကိုဘဲ တည့်တည့်ရည်ညွှန်းလိုက်တာပါ။ ဒီတစ်ခါတော့ ဆရာမြတ်ခိုင်ကို ဝေဒရှု့ထောင့်က ချဉ်းကပ်ပါရစေ။ သူ့ရဲ့ သမိုင်းကြောင်း၊ လက်ရာခြေရာတွေ (သေရင်ပြီးပြီဆိုတဲ့ သမီးလေးဆုံးပြီး ဖြစ်လာတဲ့ ဆိုင်းဘုတ်ကအစ) ကိုစောဝေကိစ္စအထိ စာဖတ်သူတို့ သိကြတဲ့အတိုင်း သိပ်ပြောဖို့ မလိုတော့ပါဘူး။ ဝေဒရှု့ထောင့်ကတော့ ၁၈ခုဖွား ကြာသာပတေးသား နံမည်က ဘင်္ဂနဲ့ မရဏ တွဲထားသူ၊ ဘုရားတဖက် ဒါးတဖက်သမား၊ မီးစတဖက် ရေမှုတ်တဖက်သမား၊ ဆရာမွေး တပည့်မွေး ၀ါသနာထုံသူ စသည်ဖြင့် အကောင်းအဆိုး ဒွန်တွဲမှု့သဘောတရားတွေ ရှိထားသူလို သတ်မှတ်ထားပါတယ်။ ပြောချင်တာက ဆရာမြတ်ခိုင်ရဲ့ ဘ၀ဖြတ်သန်းမှု့ပါ။ ဒီနေ့ ဆရာမြတ်ခိုင် ဒီအခြေအနေ ဒီအဆင့်ထိဖြစ်နေဖို့ သူ့ရင်နှစ်သီးချာလေး သမီးလေး မေသင်္ကြန်မြတ်ခိုင်ကို ဆရာ့အသက် ၄၆နှစ်မှာ ချကျွေးခဲ့ရတဲ့ သမိုင်း နမူနာလေးပါ။ ဆရာမြတ်ခိုင်ရဲ့ သမီးလေး ဆရာမြတ်ခိုင် ၄၆နှစ်မှာ ဘာကြောင့်ချကျွေးခဲ့ရပါသလဲ?

ဝေဒရှု့ထောင့်က ဆရာမြတ်ခိုင် အသက် ၄၁နှစ်ကနေ ၄၅နှစ်ကြား ဘ၀တည်ဆောင်မှု့မှာ ပျက်ပြားခဲ့တဲ့ ကိုယ်ကောင်းစားဖို့ သူများ မိသားစုတွေရဲ့ နှလုံးသားတွေကို နင်းချေခဲ့တဲ့ အကျိုးဆက်ပါဘဲ။ ၄၆နှစ်ကနေ ၄၈နှစ်အထိ ဆရာမြတ်ခိုင် ရွာပျက်နေအောင် ခံစားခဲ့ရတယ် မဟုတ်ပါလားခင်ဗျာ။ အဲ့ဒီကာလလေးမှာဘဲ (သေရင်ပြီးပြီ) ဆိုတဲ့အရာအားလုံးဟာ သေရင် နတ္ထိပါဘဲ။ မသေခင် အဆင်ပြေဖို့လိုတယ်ဆိုတဲ့ တစ်ဘ၀စံဝါဒ သမီးလေးကို ရင်းလိုက်ရပြီး အစွဲဝင်သွားခဲ့တယ်။ အသက် ၄၉နှစ်မှာ စပြီး ထင်ပေါ်ရှေ့တန်းရောက်ခဲ့တာ အခုဆို အသက်၅၂နှစ်ထဲမှာဖြစ်နေပြီပေါ့။ ဝေဒရှု့ထောင့်ကကြည့်ရင် သူများနှလုံးသားတွေ၊ မိသားစုဘ၀တွေ မနင်းချေဘဲ မင်္ဂလာရှိရှိဖြတ်သန်းရမဲ့နှစ်ပေါ့။ အဲဒီဟာတွေနဲ့ လုံးဝဆန့်ကျင်ဘက် ဆရာမြတ်ခိုင်ပြုမှုနေပြန်ပါပြီ။ နောက်မွေးလကျော်ရင် ၅၃နှစ်ကို ဖြတ်သန်းရပါအုန်းမယ်။ အဲ့ဒီနှစ်မှာလဲ ငွေရဖို့ဆိုရင် ဆရာမြတ်ခိုင် ဝေဒရှု့ထောင့်က ဖွင့်ဆိုထားတဲ့ သိုက်တူးမဲ့ အပြုအမှုတွေ လုပ်ပါလိမ့်အုန်းမယ်။ (ပြောရရင် ဆရာမြတ်ခိုင်ရဲ့ ဘ၀မှာ အမြင့်ဆုံး စည်းစိမ်ကို မျက်ကန်းတစ္ဆေ မကြောက် ဘယ်သူသေသေ ငရွှေမာပြီးရော ဆိုပြီး) အမှားထဲကနေ စီးပွားထုတ်ယူပါလိမ့်အုန်းမယ်။ ၅၃နှစ်ပြည့်ပြီးတာနဲ့ အသက် ၄၆နှစ်တုန်းက သမီးလေး ချကျွေးခဲ့ရသလို အသက် ၅၄နှစ်ကစပြီး ဘ၀ပျက်ပြီဆိုတာ လုံးဝကျိန်းသေပါပြီ။ ကျန်တဲ့ဘယ်သားသမီးကိုဘဲ ချကျွေးရမလဲ (ဒါမှမဟုတ်) ကိုယ်တိုင် အသည်းကင်ဆာ (သို့မဟုတ်) ဦးဏှောက်ထဲမှာ အကြိတ်ကင်ဆာ ဖြစ်လားမလား။ ကိုယ်တိုင်ရဲ့ မိသားစုဘ၀ပျက်သုန်းမလား စောင့်ကြည့် ကြပါစို့။ သေချာတာကတော့ ၅၄၊ ၅၅၊ ၅၆နှစ်တွေဟာ ဆရာမြတ်ခိုင် ၄၉ နဲ့ ၅၃ အကြားက မှားယွင်းခဲ့မှု့တွေ အတွက် ဘ၀ပျက်ခမန်း အကြွေးဆပ်ရမဲ့နှစ်တွေပါခင်ဗျား။ (ဆရာမြတ်ခိုင်ဟာ အသက်၅၆နှစ်မှာ လူသေရင်သေ မသေရင် ဘ၀သေဆိုတဲ့ အဖြစ်ကြီးကို ရင်ဆိုင်ပါလိမ့်မယ်။) အသက် ၅၃နှစ်မှာ အပြုအမူတွေ မပြင်ခဲ့ရင်ပေါ့။ ဝေဒရှု့ထောင့်ကကြည့်ရင်တော့ မသေခင်ကပြီးနှင့်သူပါခင်ဗျား။ (ဘုန်းကြီးဝတ်ပြီး စတေးရှောင်ဖို့များ စိတ်မကူးလေနှင့် ပိုဆိုးပြီးရူးသွားနိုင်ပါတယ်)။ ၁၈ခုဖွား ကြာသာပတေးသားနံမည်ကြည့်ယုံနဲ့ ဘယ်လောက်စာဂယုတ်သလဲဆိုတာ အခုခြေရာလက်ရာ ကြည့ရုံနဲ့ ဝေဒသမားတွေက သိပါရဲ့။ ဝေဒပညာက နဲနဲတို့ပြ လိုက်အုန်းမယ်။ သူ့သားအရင်းကိုတောင် မညှာလို့ တကွက်ချန်သမားလို့လဲခေါ်တယ်။ သူ့အဓိကအမှားကတော့ ဘာသာရေးကို မယုံတာပါဘဲ။ ဘာသာရေးနဲ့ ထိပ်တိုက်တွေ့တဲ့အတွက် ဝေဒပညာနဲ့ ကယ်ရခက်ပါတယ်။ ကယ်ဖို့လဲ စိတ်မကူးပါဘူး။ လျှို့ဝှက်တပည့်တွေ လူယုံတွေ မွေးပြီး သူတကာ အတွင်းရေးတွေလည်း စုစောင်းတတ်ပါသေးတယ် (မာဖီးယားတွေကို ကျိတ်ပြီး သဘောကျသူပေါ့)။ ဒီထက်အများကြီး ပြောပြလို့ရပါသေးတယ်။ ဒီတော့ ၂၀၁၀နဲ့ ၂၀၁၂ကြား ဘ၀ပျက်မှု့ကို စောင့်ကြည့်ကြပါစို့။
အဲ့ဒီမှာ ၁၈ခုဖွားတွေရဲ့ စရိုက်က ဝေဒသမားတွေဘဲ သိပါတယ်။ အဲ့ဒါက သူအမုန်းဆုံး လက်စားချေရမယ့်သူတွကို ဘယ်တော့မှ ရှေ့ထွက်မတိုက်ပါဘူး။ နောက်ကွယ်ကနေ ချွန်တတ်တာပါဘဲ။ ပြီးတော့ သူလျှိုစကားနဲ့ပြောရရင် နှစ်ဖက်ချွန်ပေါ့။ တကယ့်ကို စာနယ်ဇင်းလောကရဲ့ "ကြွက်"ပါ။ ကိုစောဝေကို "ပြန်" ၀န်ကြီးက လိုချင်လို့ ထောင်ချောက်ဆင်ပြီး ထည့်လိုက်တာပါ။ ကိုစောဝေ ကိုယ်တိုင်မေ့လျော့နေတဲ့ ကဗျာကို အချိန်အခါ အခွင့်အရေးတစ်ခုရရင် အသုံးချဖို့ သိမ်းထားတဲ့ ဇွဲပေါ့။ အဲ့ဒီအပတ် အချစ်ဂျာနယ်က တကယ့်ကို နဲနဲလေးဘဲ ရိုက်ပြီး ထုတ်ချင်ယောင်ဆောင်ပြီး ချကျွေး အနာခံချင်ယောင်ဆောင်လိုက်တာပါ။ နေဘုန်းလတ်ကတော့ ပထမဆုံး ဘလော့ဂါတွေ စုဝေးတဲ့ပွဲမှာ သူ့ကို အသိအမှတ်ပြု မဖားခဲ့တဲ့ အကျိုးဆက်အငြိုးပေါ့။ အဲ့ဒီတော့ အဲ့ဒီ "ကြွက်"နဲ့ ထိပ်တိုက်တွေ့ခဲ့ရင် ဘယ်တော့မှ မိတ်ဆွေပြန်မဖြစ်ဘူးဆိုတာ သတိရှိပါ။ ၁၈ခုဖွား ဆရာမြတ်ခိုင်ရဲ့ ငယ်စဉ်က တကယ့်အိပ်မက်အစစ်က ပြည်ပမှာ အခြေချပြီး ကြီးပွားဖို့ပါဘဲ။ ဒါပေမယ့် မိဘနဲ့ အမြဲတမ်း ဆန့်ကျင်ဖက်ထိပ်တိုက်တွေ့ခဲ့တဲ့ အကုသိုလ်ကြောင့် အဲ့ဒီ အိပ်မက်ပျက်စီးသွားခဲ့ပါတယ်။ ဒါနဲ့ဘဲ မရောက်ချင်ရောက်ချင်နဲ့ စာနယ်ဇင်းသမားဖြစ်လာပါတော့တယ်။ ဒီနေရာမှာ အထူးသတိထားရမယ့် အချက်ကတော့ သူက ရန်သူဖြစ်ပြီးသား သူမုန်းခဲ့ပြီးသား သူနဲ့ ထိပ်တိုက်တွေ့ပြီးသားသူကို ဘယ်တော့မှ "မိတ်ဆွေ" ပြန်လုပ်ရိုးမရှိပါဘူး။ အခွင့်ကြုံရင်ပြန်လက်စားချေဖို့ နှစ်ပေါင်းဘယ်လောက်ကြာပစေ သံသရာရှိရင် သံသရာဆက်အထိ အချိန်စောင့်နိုင်တဲ့ဇွဲပါဘဲ။ အဲ့ဒါကြောင့် လက်စားချေဖို့ အချိန်ကိုစောင့်တတ်တဲ့ ဒဏ်ကို ကိုစောဝေတို့ တချို့ တချို့တွေ ခံလိုက်ရတာပေါ့။ ဆရာဝင်းငြိမ်းတို့ ဆရာနေ၀င်းမြင့်တို့ ကိုဇာဂနာတို့ ကိုကျော်သူတို့ကိုလည်း ဒီလိုဘဲစောင့်နေမှာ သေချာပါတယ်။ ။

No comments: