Thursday, May 29, 2008

အမြင်မှားသာ ဖြစ်လိုက်ချင်

မြင်ကွင်းတွေက နေ့ချင်းညချင်း
သေတွင်းကိုကိုယ်တိုင်ဘဲ ရောက်သွားသလိုလို
ကြည့်မိ ရွဲရိနေတဲ့ ဇာတ်တူသားတွေ
ကျွဲတွေ နွားတွေ ဖောင်းကားပေါင်ပြဲ
မျောတဲ့ဟာကမျော၊ တင်တဲ့ဟာကတင်
ပိတဲ့ဟာကပိ ငြိတဲ့ဟာကငြိပေါ့ ....
ဒီနေရာ ဒီတကွေ့ ရွာလေးများရှိခဲ့ရဲ့လားလို့
ရေရေရာရာ မသိနိုင်
ငုတ်ကလေးက တစ်တိုင်နှစ်တိုင်
ရွှံ့နှစ်လွှမ်း လဒတော တမျှော်တခေါ်နဲ့
အရောရော အနှောနှောဖြစ်ခဲ့ပေါ့ ....
ကျန်ရစ်သူတစ်စု မှီခိုရာလို့ ထင်ရတဲ့ အရပ်
အ၀င်ထွက်ကအစ မလွယ်
ဒါ ..... တို့တိုင်ပြည်တဲ့ကွယ်
ရာဇ၀င်များရဲ့ သတို့သမီး
စီးခြင်းသွေးတွေ ရဲစွေးခဲ့တဲ့ ဧရာဝတီ
မြင်စေချင်တယ် ကိုငှက်ရေ ...
စကားလုံးမရှိတဲ့ ကောင်းကင်လည်း
မာယာရှင်နဲ့ ပေါင်းဖက်သွားပြီ...။ ။

1 comment:

Unknown said...

လူယုတ်မာအစိုးရ ကျဆုံးပါစေ။