Wednesday, June 18, 2008

အမေ ...

အမေ ...

နေနိုင်လိုက်တာ အမေရယ် ... ။
တစ်ပတ်တစ်ရက်ဆိုရင်တောင်
သားတို့အတွက် နေဖို့ခက်လှပါတယ် ။

ခုတော့ ...
အမေက ...
နေ့ပေါင်းများစွာ
ညပေါင်းများစွာ
......................
...........................
...............................
အဲဒီ လှောင်ချိုင့်ထဲကနေ
.........
မှောင်မိုက်နေသူတွေရဲ့ဘဝ
လွတ်ငြိမ်း အေးမြဖို့ ...

လောင်မြိုက်ခံနေရတဲ့ ...
နှစ်ပေါင်းများစွာ ...
နေနိုင်လိုက်တာ
အမေရယ် ။

တချို့က
အမေ ...
ရပ်သွားပြီတဲ့ ...
မဟုတ်ဘူး ။
မဟုတ်ဘူး ကွ ။

အမေ ...
ငါတို့ အမေ ...
ရပ်နေခဲ့တာ ...
သူရပ်နေခဲ့တာ ...
သူ့ရဲ့ နှလုံးသွေးတွေ
ရပ်သွားသည့်တိုင်အောင် ...
သူ ရပ်နေဦးမှာ ...
ရပ်နေဦးမှာ ...
ငါတို့ရှေ့က ...
ငါတို့အတွက် ...
မားမားမတ်မတ်
မား မား မတ် မတ်
မား မား မတ် မတ်
ရပ် နေ ဦး မှာ ...

ဒီလိုပါပဲ အမေ ...
သားတို့က .........
အမေ ... လို့
ရေရွတ်မြည်းတမ်းရုံနဲ့ပါပဲ အမေရယ် ...

ဟော့ဒီ ကီးဘုတ်ပေါ်ကနေ
သားလက်ချောင်းတွေ သွေးစိမ့်သွားအောင်
အမေ့နာမည်ကို အ ထပ် ထပ် စာလုံးပေါင်းလည်း
အမေ့အာသီသ ငြိမ်းချမ်းရေး
ဝေးနေဆဲပါ ... အမေ ။

အမေရယ် ...
သားညံ့တွေရဲ့ရှေ့မှာမှ
အပြုံးမပျက် ...
မားမားမတ်မတ်
ရပ်တည်နေပြနိုင်သေးတယ်တဲ့လား ...

နေနိုင်လိုက်တာ အမေရယ် ................ ။

´အမေစု အမြန်ဆုံးလွတ်မြောက်ပြီး စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာပါစေ ... ။ ´

No comments: