Thursday, June 19, 2008

တိုက်ပွဲဝင်စဲ မွေးနေ့ရှင်

ဘ၀လမ်းခရီးတစ်ခုမှာ .....
မသမာအငြိုးနဲ့
ဥာဏ်ထွင်ကာ ကစားခဲ့မှုကြောင့်
စံပျော်ရာမွေးရပ်မြေမှာမနေရပဲ
အခွင့်အခါပေးတဲ့၊ တော်ရာတိုင်းတပါးမှာ
လွမ်းတမ်းတရင်းနေခဲ့ရရှာ...။

အာဇာနည်မျိုး သေရိုးမရှိပေမို့
ကျနော်တို့ခေတ်မှာ
တထောင့်သုံးရာငါးဆယ်ပြည့် အရေးတော်ပုံကြီးဖြစ်ပေါ်တဲ့အခါ
မိစ္ဆာစစ်ဘီလူးတွေကို ရင်ဆိုင်ကာ
အများပြည်သူကောင်းစားဖို့
သင်ပုန်းခြေရေးစကား ပြောခဲ့ငြားလည်း
အာဏာရှင်တွေဟာ အကြောက်တရားကြီးစိုးကာ
သိရက်နဲ့ဆက်မိုက်
ငြိမ်းချမ်းရေးမိခင်ကိုပါ
နရသိမ် အကြိမ်ကြိမ်စံစေခဲ့...။

ပတ္တမြားမှန်ရင်
နွံနစ်သော်လည်းမညစ်ဆိုတဲ့ စကားအတိုင်း
မိစ္ဆာရန်သူ စစ်ဘီလူးတွေရဲ့
လုပ်ကြံကာ မဟုတ်မမှန်သတင်းတွေမှာ
အကြိမ်ကြိမ်နွံနစ်နေသော်လည်း
ဒေါ်စုရဲ့ ဂုဏ်ရောင်သတင်းတွေက
ကမ္ဘာ့အလယ်မှာ
ထင်ပေါ်နေစဲ၊ ထွန်းပြောင်စဲ...။

ဒဏ်ရာဆိုတာ ဘ၀အတွက်အားပေမို့
ပြည်သူတွေအတွက်သူဟာသီးခံ
နရသိမ်စံကာမလွတ်မလပ်ဖြစ်နေလည်း
ကြီးမြတ်တဲ့အာဂသတ္တိရှင်ခေါင်းဆောင်တယောက်ပေမို့
ဒေါ်စုမွေးနေ့ရောက်တိုင်းမှာ
သူ့ကိုလေးစားလူအများဟာ
နိုင်ငံတကာမှာ ဒေါ်စုရဲ့ဂုဏ်တွေကိုဖေါ်
သက်တော်ရာကျော်ရှည်ကာ
လွတ်လပ်စွာတိုင်းပြည်ဦးဆောင်နိုင်ဖို့
တိုက်ပွဲဝင်စဲ၊ ဆုတောင်းစဲ...။

ရေးသားသီကုံးသူ။ ။ ဇာနည်မောင်

No comments: