Sunday, October 12, 2008

ဒေါင်းနီ

သက်ရှည်ကျမ္မာ
ငြိမ်းချမ်းသာဖို့
ကြိုးကြာရုပ်ပေါင်းများစွာ ချိုးကြသတဲ့
ဂျပန်ပြည်မှာလေ စက္ကူဖြူနဲ့ပေါ့။ ။

ငါလဲ ချိုးချင်ရဲ့
ခွပ်ဒေါင်းရုပ်ပေါင်း
ထောင်သောင်းအနန္တ
မြန်မာပြည်ကြီးအတွက်လေ
စက္ကူနီနဲ့ပေါ့။ ။

1 comment:

သျှင်ခ said...

ကဒေါင်းသစ်ရေ ..
မျှော်နေတာ အတော်ကြာပေါ့ ။
ပြန်လာလို့ ဝမ်းသာတယ်ဗျာ ။